Mya Yadanar Htay logoမြရတနာဌေးMya Yadanar Htay
မီနူး

မြရတနာဌေး

Mya Yadanar Htay, Premium Quality Food Powder Products

Featured Products

ထုတ်ကုန်များ

Mya Yadanar Htay logo
Green Chickpea Powder package

ပဲစိမ်းမှုန့်

Roasted Chickpea Powder package

ပဲကျက်မှုန့်

Rice Powder package

ဆန်မှုန့်

Glutinous Rice Powder package

ကောက်ညှင်းမှုန့်

Tempura Powder package

အကြော်မှုန့်

ရရှိနိုင်သော အရွယ်အစား: ၁၀သား / ၂၅သား / ၅၀သား / ၁ပိဿာ

Brand History

မြရတနာဌေးအကြောင်း

မြရတနာဌေးသည် ၁၉၈၅ ခုနှစ်တွင် မိသားစုလုပ်ငန်းလေးတစ်ခုအဖြစ် စတင်ခဲ့သော စားသောက်ကုန်အမှုန့်များကို ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ စတင်ခဲ့ချိန်မှစ၍ ဒေသခံမိသားစုများ၊ ကုန်စုံဆိုင်များနှင့် အိမ်တွင်းမှု မုန့်လုပ်ငန်းများအတွက် စစ်မှန်သောကုန်ကြမ်းများကို အသုံးပြုကာ သန့်ရှင်းလတ်ဆတ်ပြီး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သော စားသောက်ကုန်အမှုန့်မျိုးစုံကို ထုတ်လုပ်ပေးနိုင်ရန် ရည်ရွယ်ခဲ့ပါသည်။

ပဲစိမ်းမှုန့်၊ ပဲကျက်မှုန့်၊ ဆန်မှုန့်၊ ကောက်ညှင်းမှုန့်၊ အကြော်မှုန့်နှင့် ဒေသခံစားသုံးသူများ နေ့စဉ်အသုံးပြုနေသော စားသောက်ကုန်အမှုန့်များကို ထုတ်လုပ်ရာတွင် ကုန်ကြမ်းရွေးချယ်မှုမှစ၍ ထုတ်လုပ်မှု၊ ထုပ်ပိုးမှုအဆင့်အထိ အရည်အသွေးနှင့် သန့်ရှင်းမှုကို အလေးထားဆောင်ရွက်လာခဲ့ပါသည်။

အချိန်နှင့်အမျှ ဖောက်သည်များ၏ ယုံကြည်အားပေးမှုကြောင့်မြရတနာဌေးသည် တံတားဦးမြို့နယ်မှစတင်ကာ ကျောက်ဆည်၊ စဉ့်ကိုင်၊ ပလိပ်၊ မြို့သာ၊ ငါန်းဇွန်၊ ပြင်ဦးလွင်၊ မန္တလေးနှင့် အနီးတဝိုက်ဒေသများအထိ လူသိများလာသော ဒေသတွင်းအမှတ်တံဆိပ်တစ်ခုအဖြစ် တိုးတက်လာခဲ့ပါသည်။

ကျွန်ုပ်တို့အတွက် ဈေးရောင်းကောင်းခြင်းဆိုသည်မှာ ကုန်ပစ္စည်းတစ်ခု ရောင်းချခြင်းသာမဟုတ်ပါ။ စားသုံးသူမိသားစုတိုင်း၏ မီးဖိုချောင်ထဲသို့ ယုံကြည်မှုတစ်ခုရောက်ရှိစေခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချသူနှင့် ကုန်စုံဆိုင်ပိုင်ရှင်များ၏ ဝင်ငွေတိုးတက်မှုကို အထောက်အကူပြုခြင်း၊ ဒေသတွင်းအစားအသောက်ယဉ်ကျေးမှုကို အရည်အသွေးရှိစွာ ဆက်လက်ထိန်းသိမ်းခြင်းလည်း ဖြစ်ပါသည်။

ထို့ကြောင့် မြရတနာဌေးသည် “စစ်မှန်မှုရဲ့ အရည်အသွေး” ကို အခြေခံကာ သန့်ရှင်းလတ်ဆတ်မှု၊ မပြောင်းလဲသောအရည်အသွေးနှင့် ဖောက်သည်များ၏ ယုံကြည်မှုကို အမြဲတမ်းဦးစားပေးလျက်ရှိပါသည်။ ယနေ့မှစ၍ အနာဂတ်အထိ စားသုံးသူမိသားစုများ၏ မီးဖိုချောင်များနှင့် ဒေသတွင်းဈေးကွက်များတွင် ယုံကြည်စိတ်ချရသော စားသောက်ကုန်အမှတ်တံဆိပ်တစ်ခုအဖြစ် ဆက်လက်ရပ်တည်ရန် ရည်မှန်းထားပါသည်။

၁၉၈၅ မှစတင်

မိသားစုလုပ်ငန်းလေးတစ်ခုအဖြစ် စတင်ခဲ့ပြီး ဒေသခံမိသားစုများနှင့် လုပ်ငန်းများအတွက် ယုံကြည်ရသော စားသောက်ကုန်အမှုန့်များကို ထုတ်လုပ်လာခဲ့ပါသည်။

ဒေသတွင်းတိုးတက်မှု

တံတားဦးမှစတင်ကာ ကျောက်ဆည်၊ စဉ့်ကိုင်၊ ပလိပ်၊ မြို့သာ၊ ငါန်းဇွန်၊ ပြင်ဦးလွင်၊ မန္တလေးနှင့် အနီးတဝိုက်ဒေသများအထိ လူသိများလာခဲ့ပါသည်။

စစ်မှန်မှုရဲ့ အရည်အသွေး

သန့်ရှင်းလတ်ဆတ်မှု၊ မပြောင်းလဲသောအရည်အသွေးနှင့် ဖောက်သည်များ၏ ယုံကြည်မှုကို အမြဲတမ်းဦးစားပေးလျက်ရှိပါသည်။

Product Catalog

ထုတ်ကုန်အမျိုးအစားများ

အိမ်မီးဖိုချောင်သုံးမှစ၍ ကုန်စုံဆိုင်များ၊ လက်ကားကိုယ်စားလှယ်ကြီးများအထိ အောက်ပါစားသောက်ကုန်အမှုန့်အမျိုးမျိုးကို ရရှိနိုင်ပါသည်။

အရွယ်အစား: ၁၀သား / ၂၅သား / ၅၀သား / ၁ပိဿာ
Green Chickpea Powder package

Green Chickpea Powder

ပဲစိမ်းမှုန့်

ကုလားပဲအစစ်ကို အသုံးပြုထုတ်လုပ်ထားပါသည်။ အခြားပဲများဖြင့် ရောနှောကြိတ်ခွဲထားခြင်းမရှိပါ။ မုန့်လုပ်ရာတွင်ပျက်စီးခြင်း၊ စားသုံးရာတွင်ခါးသက်ခြင်းမရှိသော အရည်အသွေးကောင်းပဲစိမ်းမှုန့်ဖြစ်ပါသည်။

၁၀သား၂၅သား၅၀သား၁ပိဿာ
Roasted Chickpea Powder package

Roasted Chickpea Powder

ပဲကျက်မှုန့်

ကုလားပဲအစစ်ကို အသုံးပြုထုတ်လုပ်ထားပါသည်။ ကိုယ်ပိုင်နည်းပညာဖြင့် လှော်ထားသောပဲကို စနစ်တကျကြိတ်ခွဲထုတ်လုပ်ထားပါသည်။ အရောင်၊ အနံ့၊ အရသာ အားလုံး စိတ်တိုင်းကျဖြစ်စေနိုင်သော ပဲကျက်မှုန့်ဖြစ်ပါသည်။

၁၀သား၂၅သား၅၀သား၁ပိဿာ
Rice Powder package

Rice Powder

ဆန်မှုန့်

မြန်မာမိသားစုစားဖိုဆောင်၊ မုန့်လုပ်ငန်းနှင့် ဆိုင်သုံးအတွက် အသုံးများသော ဆန်မှုန့်။

၁၀သား၂၅သား၅၀သား၁ပိဿာ
Glutinous Rice Powder package

Glutinous Rice Powder

ကောက်ညှင်းမှုန့်

မုန့်လုပ်ငန်း၊ အိမ်သုံးနှင့် လက်လီ/လက်ကားဖြန့်ချိမှုအတွက် သင့်တော်သော ကောက်ညှင်းမှုန့်။

၁၀သား၂၅သား၅၀သား၁ပိဿာ
Tempura Powder package

Tempura Powder

အကြော်မှုန့်

အကြော်အစားအစာများအတွက် အိမ်သုံး၊ ဆိုင်သုံးနှင့် လက်ကားလိုအပ်ချက်များတွင် အသုံးပြုနိုင်သော အကြော်မှုန့်။

၁၀သား၂၅သား၅၀သား၁ပိဿာ
Roasted Rice Powder package

Roasted Rice Powder

ဆန်လှော်မှုန့်

မြန်မာအစားအစာများတွင် အသုံးများသော ဆန်လှော်မှုန့်ကို လက်လီ/လက်ကားအတွက် ထုတ်လုပ်ဖြန့်ချိပါသည်။

၁၀သား၂၅သား၅၀သား၁ပိဿာ
Mohinga Powder package

Mohinga Powder

မုန့်ဟင်းခါးမှုန့်

မုန့်ဟင်းခါးပြုလုပ်ရာတွင် အသုံးပြုနိုင်ရန် ပြင်ဆင်ထုပ်ပိုးထားသော အမှုန့်အမျိုးအစား။

၁၀သား၂၅သား၅၀သား၁ပိဿာ
Black Gram Fritter Powder package

Black Gram Fritter Powder

မတ်ပဲဗယာကြော်မှုန့်

ဗယာကြော်ပြုလုပ်ရန် လိုအပ်သော လုပ်ငန်းသုံးနှင့် ဆိုင်သုံး အမှုန့်အမျိုးအစား။

၁၀သား၂၅သား၅၀သား၁ပိဿာ
Kala Fritter Powder package

Kala Fritter Powder

ကုလားဗယာကြော်မှုန့်

ဆိုင်များနှင့် အကြော်လုပ်ငန်းများအတွက် ရည်ရွယ်ထားသော ကုလားဗယာကြော်မှုန့်။

၁၀သား၂၅သား၅၀သား၁ပိဿာ
Sparrow Roll Fritter Powder package

Sparrow Roll Fritter Powder

စာကလေးခွေကြော်မှုန့်

စာကလေးခွေကြော်နှင့် အခြားအကြော်အစားအစာများအတွက် အသုံးပြုနိုင်သော အမှုန့်။

၁၀သား၂၅သား၅၀သား၁ပိဿာ

Quality & Process

အရည်အသွေး၊ သန့်ရှင်းလတ်ဆတ်မှုနှင့် ယုံကြည်မှုကို အလေးထားသောလုပ်ငန်းစဉ်

အောက်ပါအချက်များသည် မြရတနာဌေး ၏ ထုတ်လုပ်မှုအပေါ်ထားရှိသော အခြေခံ အလေးထားမှုများဖြစ်ပါသည်။

01

ကုန်ကြမ်းရွေးချယ်ခြင်း

ကုန်ပစ္စည်းထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်သော ကုန်ကြမ်းများကိုသာ ရွေးချယ်အသုံးပြုထားပါသည်။

02

သန့်စင်ခြင်း

သန့်ရှင်းလတ်ဆတ်မှုရှိစေရန် အထူးအလေးပြု ဆောင်ရွက်ထားပါသည်။

03

ကြိတ်ခွဲခြင်း

အိမ်မီးဖိုချောင်နှင့် လုပ်ငန်းသုံးအတွက် ကုန်ပစ္စည်းအရည်အသွေးကို တစ်သမတ်တည်းဖြစ်အောင် ခေတ်မှီစက်ကြီးများဖြင့် ထုတ်လုပ်ထားပါသည်။

04

ထုပ်ပိုးခြင်း

အထုပ်အလေးချိန်မျိုးစုံကို ခေတ်မှီစက်ကြီးများဖြင့် သပ်ရပ်စွာထုတ်ပိုးထားပါသည်။